CONTACT

Office@36 Building
info@counsellingcornermm.com

PHONE  +959 664017251

စိတ်ကုထုံးကိုရှာဖွေရတဲ့ရည်ရွယ်ချက်တွေ အများကြီးရှိနိုင်ပါတယ်။ ပြဿနာတစ်ခုခု သို့မဟုတ် ခက်ခဲသောအခြေအနေ၊ အကျပ်အတည်းထဲရောက်နေသည်ဖြစ်စေ၊ ပညာရှင်တစ်ဉီးဆီမှ ကြား၍ဖြစ်စေ လာရောက်ရှာဖွေရယူကြပါတယ်။


အကယ်၍ သင်ဟာ ..

◘ နေ့စဉ်ပုံမှန် ဖြစ်သောအတွေး၊ ခံစားချက်များ၊ အမူအကျင့်များတွင် ရုန်းကန်နေရခြင်း

 

◘ ကိုယ်ပိုင်ဖြစ်တည်မှုကို ဝေခွဲ၍မရဖြစ်နေခြင်း

 

◘ ပေါင်းသင်းဆက်ဆံမှုတွေမှာ ရုန်းကန်နေရခြင်း

 

◘ ကျန်းမာရေးပြဿနာများနှင့် နေထိုင်ရခြင်း

 

◘ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရ/ခံစားနေရခြင်း

 

◘ ပူပင်သောကများ၊ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုကိုယ်ထိခိုက်အောင်ပြုလုပ်လိုခြင်း၊ သေကြောင်းကြံစည်လိုသောအတွေးများမှ ခံစားနေရခြင်း

 

◘ ဘဝ၏ဆိုးဝါးသောအခြေနေတစ်ရပ်တွင် သောက၊ အသက်ဆုံးရှုံးမှု၊ အခြားဆုံးရှုံးမှု၊ အထီးကျန်မှုများနှင့် ရင်ဆိုင်နေရခြင်း

 

◘ စိတ်ဖိစီးနေရခြင်း

 

◘ စိတ်၏တစ်နေရာတွင် ပိတ်မိနေသလိုခံစားနေရခြင်း

 

◘ ဘဝကအဓိပ္ပါယ်မဲ့သည်ဟုခံစားနေရခြင်း

 

◘ ဘဝကိုကိုယ်နေထိုင်ချင်သလိုမဖြတ်သန်းနိုင်ခဲ့ဟုခံစားနေရခြင်း

 

◘ မိမိကိုယ်ကိုတန်ဖိုးထားမှုလျော့နည်းနေခြင်း

 

◘ ပျိုပေါ်ဝင်ချိန်၊ လက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ မိဘဖြစ်လာခြင်း၊ သွေးဆုံးခြင်း၊ လူလတ်ပိုင်းအသက်အရွယ်၊ အငြိမ်းစားယူခြင်း၊ အသက်ကြီးခြင်း စသည်ဖြင့် ပြောင်းလဲမှုကာလတွေမှာ အဆင်ပြေစွာနေရန်ကြိုးစားရုန်းကန်နေရခြင်း

 

◘ အတိတ်ကအဖြစ်အပျက် အကြောင်းအရာတစ်ခုခုက သင့်ကိုတားဆီးနေခြင်း


သင်မည့်သည့်ပြဿနာတွေ့ကြုံနေရသည်ဖြစ်စေ လုံခြုံသောနေရာ၊ ခွဲခြားဆက်ဆံမှု နှင့် ဝေဖန်မှု မရှိသော တတ်ကျွမ်းသော ပတ်ဝန်းကျင်တစ်ခုမှာ ဖြစ်နိုင်ချေအသစ်တွေကို အတူတူရှာဖွေနိုင်ပါတယ်။ သင်ပြောသမျှ ကိုနားထောင်ပေးတဲ့၊ ပြောချင်သမျှတော့ပြောလို့ရတဲ့၊ လွတ်လွတ်လပ်လပ်ခံစားတွေးခေါ်လို့ရတ ဲ့နေရာ တစ်ခုကိုဒီကုထုံးပညာနဲ့ဝန်ဆောင်မှူများ က ပထမဦးဆုံးအနေနဲ့ သင့်ကိုပေးစွမ်းနိုင်ခြင်းဖြစ်ပါတယ်။


ထို့အပြင် အကြမ်းဖက်နှိပ်စက်မှုဒဏ်များ၊ ပျိုပေါ်ဝင်ချိန် ဖြစ်ပွားသောပြဿနာများ၊ စိတ်ပူပင်သောကများ၊ ရှင်သန်မှူအခက်အခဲ၊ စိတ်ဓာတ်ကျခြင်း၊ မိသားစုပြဿနာများ၊ အဓိပ္ပါယ်ရှာဖွေခြင်းများ၊ ကျန်းမာရေးချို့တဲ့မှု၊ မိမိကိုယ်ကိုတန်ဖိုးထားစိတ်လျော့နည်းနေခြင်း၊ ကြောက်စိတ်ဖြစ်ပွားခြင်း၊ အုပ်ထိန်း (သို့)သွန်သင်မှုဆိုင်ရာကူညီမှူ၊ ပေါင်းသင်းဆက်ဆံမှုပြဿနာများ၊ မိမိကိုယ်ကိုထိခိုက်အောင်ပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာသက်ဝင်မှူအရည်အသွေး၊ စိတ်ဖိစီးမှု၊ သေကြောင်းကြံစည်လိုသောအတွေးများ၊ စိတ်ဒဏ်ရာများ၊ အမျိုးသမီနှင့်အ မျိုးသားဆိုင်ရာပြဿနာများနှင့်ပတ်သတ်ပြီး ကျွန်တော်များမှကူညီပေးနိုင်ပါသည်။

Copyright © 2020, Counselling Corner. All Rights Reserved.

Developed by: MMITSG