CONTACT

Office@36 Building
info@counsellingcornermm.com

PHONE  +959 664017251

cc pp 009

ဦးအောင်မင်းသိန်းသည် လိုင်စဉ်ရကုခန်းဆိုင်ရာစိတ်ကုထုံးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူသည် တစ်ဦးချင်း၊ စုံတွဲ၊ မိသားစုနှင့် အဖွဲ့လိုက် ကုထုံးများကိုအသုံးပြုကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကူညီအထောက်အပံ့ပေးသော Counseling Corner ကို စတင်တည်ထောင်သူလည်းဖြစ်ပါတယ်။ သူအဓိက သီးသန့်ထားကူညီနေသောအပိုင်းများမှာ ပူပင်သောကများသောသူများ၊ စိတ်ဓာတ်ကျနေသောကုသမှုခံယူသူများ၊ လူမှုဆက်ဆံရေးအဆင်မပြေသူများ ဖြစ်ပါတယ်။

ဦးအောင်မင်းသိန်းသည် အပြောင်းအလဲများကိုမဖြတ်ကျော်နိုင်သောကြောင့် ကုသမှုခံယူလိုသူများ၊ ကိုယ်ပိုင်ဖြစ်တည်မှုမပြတ်သားမှု ပြဿနာရှိသူများ၊ လူမှုဆက်ဆံရေးပြဿနာ ရှိသူများ၊ ယောင်္ကျားမိန်းမလက္ခဏာ၊ လိင်စိတ်ခံယူမှု စသည့် အကြောင်းအရာများကို ကောင်းမွန်စွာ ညွှန်ပြဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ သူ၏လုပ်ဆောင်ချက်များက ကုသခံသူများ၏ ဆက်သွယ်ဆက်ဆံရေးပြဿနာတွေကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဥပမာပြောရလျှင် ကုသမှုလာရောက်ခံယူသူတို့ရဲ့ ရင်းနီးကျွမ်းဝင်မှုပိုကောင်းလာခြင်း၊ ကိုယ့်ကိုကိုယ်နားလည်လာခြင်း၊ လူမှုဆက်ဆံရေးပိုအဆင်ပြေလာခြင်းတို့ဖြစ်သည်။

ဦးအောင်မင်းသိန်းသည် ကုထုံးပညာ အသုံးချရာတွင် ကုသမှုခံယူသူများ၏ လက်ရှိဖြစ်နေသော ဘဝအခက်အခဲများကို အာရုံစိုက်နိုင်သော လုံခြုံမှုရှိသော နေရာတွင် ဖြေရှင်းပေးပါသည်။ သူသည် ပညာရှင်နှင့် ကုသမှုခံယူသူတို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများရရှိသည်ဟု ယုံကြည်သည့်အလျှောက် ကိုယ့်ကိုကိုယ် သိမြင်မှု၊ လွှတ်လပ်မှု ကိုရရှိမည်ဟုယုံကြည်ပါသည်။ ထိုမှတစ်ဆင့် နှစ်ယောက်လုံးပစ္စုပ္ပန်ကာလကို အာရုံစိုက်နိုင်ပြီး ကောင်းမွန်သောရလဒ်များ တွေ့ရှိနိုင်မည်ဟုယုံကြည်ပါသည်။

 

ဦးအောင်မင်းသိန်းသည် ကုသမှုခံယူသူများ ရဲ့ အတွင်းစိတ်ပဋိပက္ခ ပိုမိုနားလည်အောင် ကြည့်သည့် စိတ်အဟုန် (Psychodynamic) ရှုထောင့်နဲ့ လုပ်ဆောင်ပါတယ်။ ထိုရှုထောင့်မှ ကြည့်ခြင်းဖြင့်ကုသမှုခံယူသူတို့ရဲ့ ပူပင်သောကများ၊ စိတ်ဓာတ်ကျဆင်းမှုများ၊ မဆုံးဖြတ်နိုင်ခြင်းများ၏ အတွင်းဘက် ကို ပိုမိုသိမြင်လာသည့်နည်းလမ်း ဖြစ်သည်။ သူသည် လူတစ်ဉီးရဲ့ စိတ်ခံစားမှူခရီးကို သိရှိခြင်းက နောင်ဖြစ်လာမဲ့ ဘ၀ပြဿနာတွေ ဖြေရှင်းရာမှာပိုမိုအဆင်ပြေလာမယ်လို့ယုံကြည်ပါသည်။ ဦးအောင်မင်းသိန်းသည် လူသားဆန်သော ၊ ကုသခံယူသူကိုအဓိကထားသော (Person Centred Therapy) ကုထုံးကို စိတ်ပညာဆိုင်ရာချဉ်းကပ်နည်းကိုအသုံးပြုပါသည်။ သူသည် အဖြေရှာခြင်းကိုအဓိကထားသော (Solution Focused Therapy) ပုံစံငယ်နှင့် သိမှုနှင့်ဆိုင်သော အပြုအမူ (Cognitive Behaviour Therapy) ကုထုံး တို့တွင်လည်း အတွေ့အကြုံများရှိပါသည်။ 

ဦးအောင်မင်းသိန်းသည် စိတ်ကုထုံးနှင့် ဆွေးနွေးခြင်းဘွဲ့လွန် ပညာရပ်ကို သြစတြေးလျ Western Sydney တက္ကသိုလ်တွင် ၂ နှစ်တိုင်အောင် တက်ရောက်ပြီး မြောက်အောင်မြင်ခဲ့ပါသည်။ သူသည် မြန်မာနိုင်ငံနှင့်သြစတြေးလျ နိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲအ စည်းများ၊ရပ်ရွာအခြေစိုက် စိတ်ကျန်းမာရေးဆိုင်ရာကုခန်းများတွင် လုပ်ဆောင်ခဲ့ပါသည်။ သူသည် နိုင်ငံရပ်ခြားတွင် တက်မြောက်ခဲ့သော မြန်မာနိုင်ငံရှိကုထုံးပညာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး မြန်မာဘာသာဖြင့်ကုသနေသောမြန်မာ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းကိုနားလည်သူတစ်ယောက်လည်းဖြစ်ပါသည်။

Copyright © 2020, Counselling Corner. All Rights Reserved.

Developed by: MMITSG